သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာအနီး၊ စွမ်းရည်ထက်ဆီဆိုင်အနီး ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၁၆ ရက် မနေ့က ညနေပိုင်း ၇ နာရီလောက်မှာ စစ်သား ၃၀ လောက် ဘန်ကာအခိုင်အမာဆောက်နေတဲ့နေရာကို ကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။
"ကျနော်တို့ ည ၆ နာရီကျော်လောက်မှာ ချဉ်းကပ်တာ၊ ကျနော်တို့ ည ၇ နာရီကျော်လောက်မှ ပစ်ရတယ်၊ အဲ့ဒီစခန်းမှာက နမခ စစ်သားနဲ့ တောပုရွာ ပျူစောထီး တပ်စွဲနေတာ၊ နမခဘက်က ဘက်ဖိုးနဲ့ဘန်ကာ အခိုင်အမာတည်ဆောက်ဖို့ လာတယ်ဆိုလို့ ကျနော်တို့လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်တာ" လို့ ဗိုလ်စေတန်က ဆိုပါတယ်။
ဒါ့အပြင် "ကျနော်တို့ဂန်းငယ်တွေနဲ့ ဝင်ပစ်ဖို့ဟာ ကပ်တယ်။ ဒါပေမဲ့ သတင်းပေါက်ကြားသွားပြီး ကျနော်တို့ဘက်ကို အပစ်ခံလိုက်ရတယ်။ ၆၀ မမ တွေနဲ့ပဲ ပစ်ခတ်နိုင်ခဲ့တယ်။ ကျနော်တို့ ၄ လုံးပစ်ခဲ့တယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ကလည်း ၂ ဖွဲ့ခွဲပြီး အင်အား ၂၅ ဦးနဲ့သွားပစ်တာ" လို့ ဆက်လက်ပြောပါတယ်။
ပစ်ခတ်မှုမှာ ဘက်ဖိုးရဲ့ဘေးနားမှာ သောက်စားနေတဲ့ စစ်အုပ်စုပေါ်ကျပြီး ၂ ဦးသေဆုံးကာ ၂ ဦး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ဆိုပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုကိုတော့ မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA စေတန်အဖွဲ့ နဲ့ မုံရွာ ဗိုလ်တာဇံပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ခင်ဦးမြို့ ၊ အောင်မင်္ဂလာအရှေ့ပိုင်း စစ်အုပ်စုစခန်းချထားတဲ့နေရာကို Myanmar's Royal Dragon Army-MRDA စေတန် အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ကောင်စီ #၆၀မမ #ပျူစောထီး #MRDA #တိုက်ခိုက်မှု #ပကဖ
Share Share Share