မုံရွာမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မုံရွာမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၃၀ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ပြောပါတယ်။

ကျီးဗဒုံကျေးရွာ အထိုင်စခန်းကနေ ခြေလျင်ထွက်ခွာလာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေကို သဖန်းခါးကျေးရွာအနီးအရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် မိနစ်၂၀ ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူ ၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပြီးနောက် ကျန်စစ်ကောင်စီတပ်သားတွေက  ထိခိုက်သေဆုံးသူတွေကို ထမ်းစင်တွေနဲ့သယ်ပြီ နမခတပ်အနီးရှိ ဖန်ခါးကျင်းကျေးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ပွဲတွင်း မျက်မြင်ကျသွားတာကို တွေ့ရတာရယ်၊ ပြီးတော့ သူတို့(စကစ) ထမ်းစင်နဲ့ သယ်ထုတ်သွားတဲ့ အရေအတွက်ကိုသတင်းရတာနဲ့ အတည်ပြုနိုင်တာပါ"လို့ ကျောင်းသားလက်ရုံးတပ်တော်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ Anonymous heros အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်မှာလည်း ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေကို ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ခဲယမ်းနဲ့စစ်အသုံးဆောင်တချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #တိုက်ပွဲ #တိုက်ခိုက် #ထိခိုက်သေဆုံး #သတင်း #ကျောင်းသားလက်ရုံးတပ်တော် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10