မုံရွာမှာ ဓားပြတိုက်မှုဖြစ်ပြီး မွေးဖွားခါနီး ၃ ရက်အလို ကိုယ်ဝန်သည် သတ်ခံရ

မုံရွာမှာ ဓားပြတိုက်မှုဖြစ်ပြီး မွေးဖွားခါနီး ၃ ရက်အလို ကိုယ်ဝန်သည် သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သြဂုတ်လ ၁၀ ရက် ညနေပိုင်းက ဓါးပြတိုက်မှုဖြစ်ခဲ့ပြီး နေ့စေ့လစေ့ မွေးဖွားကာနီးကိုယ်ဝန်သည်ကိုပါ သတ်သွားခဲ့ပါတယ်။

မုံရွာမြို့ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းက နေအိမ်တအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၆ ဦးက ညနေ ၃ နာရီဝန်းကျင်မှာ နေအိမ်အတွင်းဝင်ရောက်ခါ နေအိမ်အတွင်းရှိ မွေးဖွားရန် ၃ ရက်သာ လိုတော့သည့် အသက် ၂၄ နှစ်အရွယ် မိခင်လောင်းကို လက်လုပ်သေနတ်နဲ့ ဦးခေါင်းကို ပစ်သတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

"နေ့လယ်က အိမ်ထဲမှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအလုပ်လုပ်နေချိန် လူအင်အား ၆ ယောက်နဲ့ ဝင်ပစ်သွားတာပါ။ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစီးကို ယူသွားတယ်။ ဝင်ပစ်သွားတဲ့အဖွဲ့က လက်နက်ကိုင်အဖွဲ့တခုပါပဲ။ ဘယ်အဖွဲ့လဲတော့ မသိဘူး" ဟု မုံရွာဒေသခံ တဦး က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ အဲ့ဒီနေအိမ်ထဲ သေဆုံးသူ ကိုယ်ဝန်သည် မအေးငြိမ်းသူရဲ့ ယောက္ခမနဲ့ ခဲအိုတို့လည်းရှိနေပြီး ယောက္ခမဖြစ်သူအမျိုးသမီးလည်း သေနတ်ဒဏ်ရာရရှိခဲ့ပြီး ခဲအိုဖြစ်သူကတော့ လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဓါးပြတိုက် လူသတ်မှု ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင် ၆ ဦးဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Photo - Together Wedding

သတင်း - ကိုငယ်၊ စာတည်း - ဇို
#မြေလတ်အသံ
#မုံရွာ #ဓားပြတိုက် #လူသတ် #ကိုယ်ဝန်သည် #သတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10