မုံရွာမှာ ရဲ ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး၊ စစ်တပ်က ရွာကို မီးရှို့

မုံရွာမှာ ရဲ ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး၊ စစ်တပ်က ရွာကို မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာရှိ ရဲစခန်းက စျေးဝယ်ထွက်လာတဲ့ ရဲတပ်သားတဦးကို ဒေသကာကွယ်ရေးအဖွဲ့က စနိုက်ပါနဲ့ပစ်ခဲ့တာကို မကျေနပ်လို့ ကျေးရွာက နေအိမ်တွေကို မီးရှို့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် ၇ နာရီကျော်မှာ ညောင်ဖြူပင်စျေးကို စျေးဝယ်ဖို့သွားတဲ့ ရဲတပ်သား ၁ ဦးကို ကျေးရွာလမ်းပေါ်မှာ စနိုက်ပါနဲ့ပစ်ခံရပြီးသေဆုံးသွားခဲ့တဲ့အတွက် ညောင်ဖြူပင်ကျေးရွာကို မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"သူတို့ရဲစခန်းက ရဲတပ်သားပစ်ခံရတာကို မကျေနပ်လို့ ရွာက နေအိမ်တွေကို မီးတင်ရှို့တာ။ နေအိမ် ၅ လုံးလောက်တော့ မီးလောင်သွားတယ်။ ကုန်သွားတာက ၃ လုံး" လို့ ဒေသခံတဦးက ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခံရတဲ့ ရဲတပ်သားကတော့ နေရာမှာပဲ သေဆုံးသွားလို့ အလောင်းကို ညောင်ဖြူပင်ရဲစခန်းထဲ ပြန်သယ်သွားကြတယ်လို့ ဆိုပါတယ်။

ညောင်ဖြူပင်ရဲစခန်းမှာ ရဲနဲ့တပ်အင်အား ၂၀ ကျော်သာရှိပေမယ့် တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ရဲစခန်းအနီး နေထိုင်သူတွေ တခြားကျေးရွာတွေကို ပြောင်းရွေ့နေထိုင်ကြပြီး ရဲစခန်းနဲ့ဝေးတဲ့ ရွာအစွန်က တချို့လောက်သာ ကျေးရွာမှာ ကျန်နေခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက် မနက်ပိုင်းကလည်း ပျူစောထီးတွေရှိတဲ့ တောပုရွာကနေ ညောင်ဖြူပင်ရဲစခန်းကို ခေတ္တရောက်လာချိန် ညောင်ဖြူပင်ရွာ တောင်ပိုင်းက ရွှေကံကော်စတိုးဆိုင်ကို မီးရှိူ့ဖျက်ဆီးခဲ့ပါသေးတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း တောပုကျေးရွာက ပျူစောထီးတွေဟာ ဘုဘကျေးရွာကိုရောက်လာပြီး ဒေသခံတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်အစီးရေ ၅၀ ကျော်နဲ့နေအိမ်တချို့ကို မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #ညောင်ဖြူပင်ကျေးရွာ #ရဲစခန်း #စျေးဝယ် #ရဲတပ်သား #မီးရှို့  #တောပုရွာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10