မုံရွာမှာ လုံခြုံရေးတင်းကျပ်တဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်ထွက်

မုံရွာမှာ လုံခြုံရေးတင်းကျပ်တဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်ထွက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တနေရာမှာ အာဇာနည်ခေါင်းဆောင် ၉ ဦးနဲ့ နွေဦးတော်လှန်ရေးသပိတ်ဖြိုခွင်းစဉ် ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက် ဆန္ဒပြသပိတ်ထွက်ခဲ့ကြတယ်လို့ မုံရွာသပိတ်အင်အားစုက တဆင့် သိရပါတယ်။

“မုံရွာ ဘုရားနီလမ်းမှာ သပိတ်ဖြိုခံရလို့ ကျဆုံးသွားတဲ့သူတချို့ပုံနဲ့ ရန်ကုန်မှာ ကျဆုံးသွားရတဲ့ ပြည်သူ တချို့ပုံတွေနဲ့ သပိတ်ထွက်ခဲ့တယ်" လို့  မုံရွာသပိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့ မနက် ၇နာရီခွဲက “အာဇာနည်မျိုး သေရိုးမရှိ” ဘန်နာကိုင်စွဲကာ နွေဦး တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ပုံတချို့နဲ့ ကြွေးကြော်သံတွေအော်ကာ သပိတ်ထွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #အာဇာနည်နေ့ #အာဇာနည်ခေါင်းဆောင် #နွေဦးတော်လှန်ရေး #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10