မုံရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦးကားနဲ့အပြန် ပစ်ခတ်ခံရလို့ သေဆုံး

မုံရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦးကားနဲ့အပြန် ပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးတဦးနဲ့ ရဲတဦး အိမ်အပြန်လမ်းမှာ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၄ရက်ဒီနေ့မနက်ပိုင်းမှာ နတ်လူထိပ္ပန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမြတ်နဲ့ ရဲတဦးကို မုံရွာမြို့အဝင် မုံရွာ- မန္တလေးလမ်းမပေါ်မှာ ပစ်ခတ်ခဲ့တာလို့ Golden Eagle Force- Monywa  အဖွဲ့က ပြောပါတယ်။

" ဒီမနက် ၉နာရီလောက်မှာ သူ့ကိုလမ်းကနေစောင့်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ" လို့ Golden Eagle Force- Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အခင်းဖြစ်ခဲ့တဲ့ အနီးပတ်ဝန်းကျင်ကို ကားတွေနဲ့ပတ်ပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကို Golden Eagle Force- Monywa၊ Ka Naung Min Tar Gyi (Monywa) နဲ့ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

စာတည်း - ဇို

#မြေလတ်အသံ

#သတင်း #မုံရွာ #အုပ်ချုပ်ရေးမှူး #ရဲ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10