မုံရွာမှာ ၁၂ ဘီးကုန်တင်ကားတစီး မီးလောင်ပြာကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာ ၁၂ ဘီးယာဥ် ကုန်တင်ကားတစီး မတ်လ ၃၀ ရက် နေ့လယ် ၂ နာရီကျော်အချိန်မှာ မီးလောင်ခဲ့တာကြောင့် ကားတစီးလုံး ပြာကျပျက်စီး သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်တင်ကားပေါ်မှာ ကုန်ပစ္စည်းတွေ၊ ဆီပေပါတွေ တင်ဆောင်ပြီး "ကောင်းထက်စိုး" ကုန်စည်ပို့ဆောင်ရေး အသင်းခြံဝန်းအတွင်းမှာ တစီးတည်း ရပ်ထားချိန် ဝါယူလျှော့ ဖြစ်ကာ မီးလောင်ခဲ့တာလို့ မီးလောင်မှုကို သွားရောက်ကြည့်ရှုခဲ့သူ တဦးက ပြောပါတယ်။


အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်မှာရှိတဲ့ ဆီပေပါ ၅၀ လုံးနဲ့ ကုန်ပစ္စည်းတွေ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါ ကားမီးလောင်နေချိန်မှာတော့ မီးသတ်ကား ၃ စီး ရောက်ရှိလာပြီး ရပ်ကွက်နေ ပြည်သူတွေနဲ့အတူ ဝိုင်းဝန်းငြိမ်းပေးခဲ့ကြတာကြောင့် နာရီဝက်ခန့်ကြာမှာ မီးငြိမ်းခဲ့တယ်လို့ သူက ပြောပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10