မုံရွာ-အရာတော် လမ်းမကြီးပေါ်က ၈ လေးလုံးနေ့ အကြိုသပိတ် (photo news)

မုံရွာ-အရာတော် လမ်းမကြီးပေါ်က ၈ လေးလုံးနေ့ အကြိုသပိတ် (photo news)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းမကြီးတနေရာမှာ ကျောင်းသား၊ ပြည်သူနဲ့ သပိတ်ကော်မတီ ပူးပေါင်းပြီး ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြိုအနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီဝင်တဦးဆီက သိရပါတယ်။

ဩဂုတ် ၇ ရက် ဒီနေ့ မနက်ပိုင်းက “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း”“ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့” စတဲ့ ဘန်နာတွေကိုင်စွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့  ဆိုပါတယ်။

သပိတ်စစ်ကြောင်းကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)၊ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ပြည်သူလူထုပူးပေါင်းကာ ထွက်ခဲ့ကြတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #မုံရွာအရာတော် #ရှစ်လေးလုံး #သပိတ် #photonews #ဆန္ဒပြ #ဗကသ #လူထုသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10