မုံရွာ စီးပွားရေးဘဏ်နားက ကင်းပုန်း စစ်သား၃ဦး ဗုံးခွဲတိုက်ခိုက်ခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးဘဏ်အနီးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်သား၃ဦးကို ဧပြီလ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဗုံးထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့ဆီက သိရပါတယ်။

"တိုက်ခိုက်ဖို့အတွက် ရဲဘော်တွေ အရင်ထွက်ခွာတယ်၊ မုံရွာမြို့ စီးပွားရေးဘဏ် မျက်စောင်းထိုးမှာ ကင်းပုန်းဝတ်နေတတ်တဲ့နေရာကို ပါဆယ်ဗုံးချခဲ့တယ်၊ ညနေ ၅ ဝန်းကျင်မှာ စကစ ခွေးတပ်သား ၃ ဦး ကင်းပုန်းလာဝတ်တဲ့အချိန် ကျနော်တို့တိုက်ခိုက်ခဲ့တာ" လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့ ဗိုလ်ဒဿက ပြောပါတယ်။


ဗုံးခွဲတိုက်ခိုက်ခံရလို့ ထိခိုက်မှုရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးသလို တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က ကားနဲ့လိုက်ပစ်လို့ ရဲဘော်တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ထိခိုက်သေဆုံးကတော့ ကျနော်တို့ရှေ့တင် ဦးထုတ်၁လုံး လေပေါ်လွင့်လာတာကို ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်" လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲတဲ့ အနီးအနားက ဖြတ်သွားတဲ့ ပြည်သူတဦးရှိပေမယ့် ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဗိုလ်ဒဿက ဆိုပါတယ်။

တိုက်ခိုက်မှုကို ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ၊ ၅/ဘခက် Monywa UG ပြောက်ကျား နဲ့ Monywa UG တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ်- ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10