မုံရွာ-မန္တလေး ကားလမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာအနီးက မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးငွေတောင်းနေတယ်လို့ သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး တပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဧပြီလ ၈ရက် မနေ့က မနက် ၇နာရီဝန်းကျင်မှာ တပ်မ ၃၃ လက်မောင်းတံဆိပ် ဝတ်ဆင်ထားတဲ့ စစ်သားတွေနဲ့ ရဲ ပူးပေါင်းအင်အား ၄၀ခန့်ရှိတဲ့ စစ်ကြောင်းက ဝမ်းပြည့်ရွာထဲက ထွက်လာချိန် ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက်ကြာခဲ့တယ်လို့  ဆိုပါတယ်။

“ပစ်လို့ရလားလို့ သွားကြည့်တဲ့အချိန် သူတို့ (စကစ)က ကင်းပုန်းဝပ်ဖို့ ကျတော်တို့ ကင်းပုန်းဝပ်တဲ့နေရာကို တက်လာတာ၊ ကျတော်တို့ဘက်ကို ၃ကောင်တက်လာတယ်၊ ခပ်လှမ်းလှမ်းကနေ ၅ကောင်တက်လာတာ၊ ကျတော်တို့နဲ့ နီးတဲ့ ၃ကောင်ကို အနီးကပ် ဦးအောင် ပစ်လိုက်တာ။”လို့ စစ်ကိုင်းခရိုင် အမှတ်၁ တပ်ရင်းရဲ့  စစ်ကြောင်းမှူး ကိုဘယ်သန်ကြီးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ဦး သေဆုံးတာကို ရှေ့တန်းရဲဘော်တွေ မျက်မြင် အတည်ပြုနိုင်ခဲ့ပြီး မြေပြင်ကင်းထောက်ရဲဘော်တွေရဲ့ ပေးပို့ချက်အရလည်း အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း Knight Commanders PDF၊ တပ်ခွဲ ၂ Zamani Revolution Force၊ ဒေါင်းဘုရင် PDF၊ Myaung Ranger Force MRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့ကလည်း ကာကွယ်တပ်ဖွဲ့တွေက ၀မ်းပြည့်နဲ့ အလက္ကပ္ပ ကျေးရွာကြားမှာ အသစ်ဖွင့်ဖို့ ပြင်နေတဲ့ စစ်ကောင်စီဂိတ်ကို ၆၀မမ၊ ၄၀မမအပြင် ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရကြသေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းမူ  #မုံရွာ-မန္တလေးကားလမ်း #စစ်အုပ်စု #ငွေကောက်ခံ #တိုက်ခိုက်ခံရ #ထိခိုက် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10