မုံရွာ အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

မုံရွာ အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းထဲမှာရှိတဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီးတွေကို ဇွန်လ ၁၆ ရက် မနေ့ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ ကားနဲ့သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ် Myanmar's Royal Dragon Army-MRDA ဆီက သိရပါတယ်။

အမှတ် ၂ ရဲစခန်းမှာတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်အုပ်စုကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန်  ၇ မိနစ်သာကြာခဲ့ကာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတယ်လို့  MRDA တပ်ခွဲမှူးက ပြောပါတယ်။

"အရင်နေ့တွေကလည်း သွားချောင်းတယ်၊ အခွင့်မသာလို့ မလုပ်ခဲ့ရဘူး။ မနေ့ကတော့ ဆိုင်ကယ်နဲ့ ပတ်ကြည့်ပြီး ကားနဲ့ဝင်ပစ်လိုက်တာ။ သူတို့က ရဲစခန်းတောင်ဘက် အုတ်တံတိုင်းကို ချိုးပြီးမှ ဘန်ကာလုပ်ထားတာ၊ ခိုးထွက်တဲ့အပေါက်ပေါ့။ အဲဒီအပေါက်ကို ဝင်ပစ်တာ ၃ ယောက်သေတယ်” လို့  ဗိုလ်စေတန် က မြေလတ်အသံကို  ပြောပါတယ်။

စစ်ကောင်စီတပ် သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရပြီးတဲ့နောက်  စစ်အုပ်စုက မုံရွာမြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နမခ ဘက်မှ စစ်ကားတွေ‌အများအပြား ရဲစခန်းကိုရောက်ရှိလာတယ်လို့ ဆက်ပြောပါတယ်။

ထိုပစ်ခတ်တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA ၊ MRDAစေတန်အဖွဲ့ ၊MRDA စေတန်ကွန်မန်ဒို ၊ MRDA စေတန် UG နှင့် Monywa Fire group တို့က ပူးပေါင်းလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း ပုလဲမြို့ပေါ်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Myanmar's Royal Dragon Army-MRDA အဖွဲ့က ပုလဲမြို့နယ်အတွင်းမှာတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မုံရွာ #အမှတ် ၂ ရဲစခန်း #ပစ်ခတ်ခံရ #စစ်သား #ရဲ #ပျူစောထီး #PDF #MRDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10