မုံရွာ အလုံတပ်ကျောင်းဂိတ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့အထက်တန်းကျောင်းမှာ ကင်းစောင့်နေတဲ့ စစ်သားတွေကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်၊ တပ်ရင်း ၆၊ တပ်ခွဲ ၁ MRDA-Monywa အဖွဲ့ဆီက သိရပါတယ်။

မေလ ၁၈ရက် နေ့လယ် ၁၁ခွဲလောက်မှာ အထက ၁ ကျောင်းအဝင်ဝမှာ ဂိတ်စောင့်နေတဲ့ စစ်သား ၄ဦးကို လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MRDA-Monywa ရဲ့ တပ်ခွဲမှူး ဗိုလ် Black က ပြောပါတယ်။

"စစ်ကောင်စီဂိတ်ဘက်ကိုရောက်အောင် တိတိကျကျအမီ လက်ပစ်ဗုံး ၁ လုံး လှမ်းပစ်ခဲ့တယ်။ အဲဒီကျောင်းနားတဝိုက်မှာ ကင်းပုန်းဝပ်တာတွေလည်းရှိတယ်။ မုံရွာ နမခ နဲ့လည်းနီးတယ်။ သူတို့နယ်မြေလို့လည်း ပြောလို့ရတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်သား၂ဦး နေရာမှာလဲကျသွားပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။


အဲ့ဒီ အထက ၁ကျောင်းဟာ စစ်ကောင်စီတပ်ရဲ့ သားသမီးအများစုတက်တဲ့ကျောင်းတခုဖြစ်ပြီး အလုံစာသင်ကျောင်းရဲ့ ပတ်လည်မှာ ကင်းပုန်းတွေချထားသလို ကားကြီး ၁ စီး နဲ့ DC ကားလေး ၁ စီး ထိုးရပ်ထားတယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ
#မုံရွာ #အလုံတပ် #လက်ပစ်ဗုံး #စစ်ကောင်စီကျောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10