မူးမြို့နယ်ထဲက ဒေသခံ နေအိမ်နဲ့ စပါးကျီ ၅၀ ကျော်ကို စစ်ကောင်စီမီးရှို့

မူးမြို့နယ်ထဲက ဒေသခံ နေအိမ်နဲ့ စပါးကျီ ၅၀ ကျော်ကို စစ်ကောင်စီမီးရှို့

ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်၊ နို့ကူးကျေးရွာက ဒေသခံနေအိမ်နဲ့ စပါးကျီ ၅၀ ကျော်ကို စစ်ကောင်စီကမီးရှို့တဲ့အတွက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

 
ဇူလိုင်လ ၁၈ ရက်မှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်အား ၁၀၀ ကျော်ဟာ နို့ကူးရွာဘက်ကို ရောက်လာပြီး ဒေသခံနေအိမ်တွေနဲ့ စပါးကျီတွေကို မီးရှို့ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
"အဲ့နေ့က စကစ စစ်ကြောင်းဝင်လို့ တိုက်ပွဲဖြစ်ပြီး ရွာသားနေအိမ်တွေ မီးရှို့တာတွေရှိတယ်။ တိုက်ပွဲမှာတော့ စကစ ထိခိုက်သေဆုံးအခြေနေကတော့ မသိရဘူး။ KNU ဗဟိုထုတ်ပြန်ချက်အရ နေအိမ်ပျက်စီးမှုအခြေနေကတော့ ဟုတ်ပါတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။


 
စစ်ကောင်စီဘက်က မီးရှို့လို့ ဒေသခံ နေအိမ် ၂၇ လုံး၊ တဲ ၁၁ လုံး၊ စပါးကျီ ၁၆ လုံး၊ ထင်းစင် ၇ စင်၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၃ စီး၊ မီးစက် ၁ လုံးနဲ့ ဝက်ခြံ ၁ ခြံတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
နို့ကူးကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ၂၀၂၂ နှစ်စပိုင်းကတည်းက ကျေးရွာထဲကနေ ထွက်ပြေးနေရတာဖြစ်ပြီး ၂၀၂၃ ဇူလိုင်လ ၂၁ ရက်ထိ နေရပ်မပြန်နိုင်ကြသေးတာပါ။
 
ဇူလိုင်လ ၂ ရက်ကလည်း မူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ ဥသျှစ်ကုန်းရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ရေတွင်းကုန်းရွာသား ၂ ဦး ထိခိုက်ကာ ဥသျှစ်ကုန်းရွာက နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #မူးမြို့ #KNU #PDF #စစ်ကောင်စီ #စစ်ရှောင်ပြည်သူ #စားနပ်ရိက္ခာ #မီးရှို့ဖျက်ဆီး

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10