သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ တဦးကို မတ်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ဆီက သိရပါတယ်။
မတ်လ ၃ ရက် နေ့လယ် ၁၂ နာရီခန့်လောက်မှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ပြည်သူတဦးကို ဖမ်းဆီးမိတာ၊ သူဆေးသုံးနေတဲ့အချိန်မှာ ဖမ်းဆီးမိတာ၊ ဆေးသုံးစွဲပြီးဆေးကြောင်နေတဲ့အချိန်ဖမ်းမိတာလို့ သိရပါတယ်။
"မတ္တရာမြို့နယ် အနောက်အခြမ်းက NUG ရဲ့စိုးမိုးနယ်မြေထဲမှာ မပါဘူး၊ စစ်တပ်ရဲ့ စိုးမိုးနယ်မြေပဲရှိသေးတယ်၊ စစ်ကောင်စီနဲ့ဆက်နွယ်နေတော့ ဆေးကအစ အကုန်လုံးက သူတို့အတွက်လွယ်ကူတယ်၊ ကျနော်တို့ဖမ်းပြီးသက်ဆိုင်ရာမြို့နယ်ကို ဒေသခံအဖွဲ့အစည်းတွေဆီအပ်လိုက်တာ" လို့ တောကြီးမြွေပွေးအဖွဲ့ ဗိုလ်တီက ပြောပါတယ်။
တည်းဖြတ်- CM
#မြေလတ်အသံ
Share Share Share