မောင်းဂွေးရေတံခွန်မှာ ရေသွားကစားတဲ့ အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

မောင်းဂွေးရေတံခွန်မှာ ရေသွားကစားတဲ့ အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့အနီး မောင်းဂွေးရေတံခွန်၊ ပန်းတောင်ချောင်းမှာ ရေသွားကစားတဲ့ စစ်ကိုင်းမြို့က အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့၊ မကျီးကုန်းရပ်ကွက်ရှိ အလုပ်ရုံတခုကနေ အလုပ်ရှင်က  အလုပ်ရုံဝန်ထမ်းတွေကို ပျော်ပွဲစားထွက်တဲ့အနေနဲ့ မောင်းဂွေးရေတံခွန်ကို ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပို့ဆောင်ပေးခဲ့ပါတယ်။

အလုပ်ရုံဝန်ထမ်းတွေဟာ ရေတံခွန်အရောက် စားသောက်ပြီး ရေကူးနေကြချိန် ညနေ ၃ နာရီခန့်မှာ မစုဝေလွင် ၁၃ နှစ်၊ မနန်းစပယ်ခိုင် ၁၇ နှစ်တို့မှာ ရေတံခွန်အနီး ချောင်းမှာ ရေနစ်သေဆုံးသွားကြတာလို့ ဆိုပါတယ်။

"တယောက်ရေနစ်နေတာကို နောက်တယောက်က ထပ်ဆယ်။ သူတို့နှစ်ယောက်စလုံး ရေနစ်နေတာကို အနီးအနားက ဝိုင်းဆယ်ကြပေမယ့် အချိန်နည်းနည်းကြာသွားတော့ ဆယ်ရတဲ့အချိန်မှာ ဆုံးနေပြီ" လို့ ဒေသခံတွေက ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီးငယ် ၂ ဦးရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပြီး စစ်ကိုင်းမြို့က သေဆုံးသူတွေ နေထိုင်ရာ မကျီးကုန်းနဲ့ မီးရထားရပ်ကွက်ရှိ နေအိမ်တွေကို ပြန်ပို့ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးငယ်တွေရဲ့ နာရေးကိုတော့ ဇွန် ၁၁ ရက်မှာ မိသားစုဝင်တွေက ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြစ်သားမြို့ #ကူမဲမြို့ #မောင်းဂွေးရေတံခွန် #ပန်းတောင်ချောင်း #အမျိုးသမီး #ရေနစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10