သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားထိပ်က စစ်ကောင်စီဂိတ်ကိုနိုဝင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column ဆီက သိရပါတယ်။
ပျူစောထီးနဲ့ စစ်သားအင်အား ၃ ဦးခန့်ရှိတဲ့ မဲဇလီကြိုးတံတားထိပ်ကစစ်ကောင်စီဂိတ်ကိုနိုဝင်ဘာ ၂၇ ရက်မနက် ၆ နာရီ ၃၀ မိနစ်မှာ မိနစ်၂၀ ခန့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က G2 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Yenanthar Column စစ်ကြောင်းမှူး Demo ကပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ အလောင်းလာကောက်တဲ့ မဲဇလီကြိုးတံတားအနီးရှိ မဲဇလီရဲစခန်းက ရဲနဲ့ဝါတပ်က စစ်သားအင်အား ၂၀ ခန့်ကိုလည်းနေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Yenanthar Column၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းနဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ မဲဇလီကြိုးတံတားအနီးမှာ ဒီနေ့ ဒီဇင်ဘာ ၃ ရက်မနက်အထိ အင်အားထပ်မံဖြည့်တင်းထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာတွေုစစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #မင်းဘူး #စစ်ကောင်စီ #သေဆုံး #တိုက်ပွဲ
Share Share Share