မံစီမြို့နယ်က သိမ်းပိုက်နယ်မြေတွေကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည်စစ်ဆေး

မံစီမြို့နယ်က သိမ်းပိုက်နယ်မြေတွေကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ရေးဝန်ကြီးတို့ လှည့်လည်စစ်ဆေး

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းက စစ်ကောင်စီစခန်းကုန်းနေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူနဲ့ KIA တာဝန်ရှိသူတွေ လှည့်လည်စစ်ဆေးခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက် ဒီနေ့မှာထုတ်ပြန်လာပါတယ်။ 

 NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ KIA စစ်ဦးစီးချုပ် အမှတ် ၁ စစ်ဒေသမှူး၊ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း (R Hkawng Lum)တို့က ဇန်နဝါရီ ၂၁ ရက်မှာ လှည့်လည်စစ်ဆေးခဲ့ကြတာပါ။ 

သိမ်းပိုက်ရရှိထားတဲ့ စခန်းကုန်းတွေ၊ မြို့ရွာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိထားတဲ့ စစ်သုံ့ပန်းတွေ၊ အလင်းဝင်လာသူတွေကိုပါ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် တိုက်ခိုက်မှုတွေအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်တွေကိုလည်း တော်လှန်ရေးရဲဘော်တွေကို တပ်ဆင်ပေးသွားမယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

#ကချင် #မံစီ #KIA #NUG #လှည့်လည်ကြည့်ရှု #သိမ်းပိုက်နယ်မြေ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10