မြင်းချင်းရွာက စစ်သား၊ ရဲနဲ့ ပျူစောထီးဘန်ကာ ၂ ခုကို PDF တွေ တိုက်ခိုက်စီးနင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မြင်းချင်းရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀ ကျော်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဩဂုတ် ၅ ရက် မနက်၆ နာရီက တိုက်ခိုက်ခဲ့တယ်လို့ SNAKE EYES PDF ရဲဘော်လရောင်က ပြောပါတယ်။

မြင်းချင်းရွာက ကင်းစခန်းနဲ့ ဘန်ကာထားရှိတဲ့ သုံးထပ်တိုက်ကို တော်လှန်ရေးအင်အားစုတွေက ၂ နာရီခွဲကြာ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ရွာအတွင်းမှာ တည်ဆောက်ထားတဲ့ ဘန်ကာအဆင့်ဆင့်ကို ဆုတ်ခွါသွားတယ်လို့ SNAKE EYES PDF ရဲဘော်လရောင်က ပြောပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း ဇီးကုန်းရွာဘက်က စစ်ကူအင်အား ၅၀ ခန့်ရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲပဲလို့ ရဲဘော်လရောင်က ဆိုပါတယ်။

လက်ရှိမှာတော့ ထူးခြားမှုမရှိသေးဘဲ အဲဒီနေ့က စစ်ကူလာတဲ့ အဖွဲ့တွေကလည်း ညနေပိုင်းမှာပြန်သွားကြပြီး စစ်သားနဲ့ရဲ သုံးလေးယောက်လောက်နဲ့ ရွာခံပျူစောထီးတွေပဲ ရှိတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို SNAKE EYES PDF ၊ DaungMann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မဟူရာ ရွှေဘိုသား LPDF ၊ ဗိုလ်မဟာ ၊ Shwebo Federal Army ၊ Warlord Defence Force ၊ Eyes For Eyes ၊ God of Satan တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #မြင်းချင်းရွာ #တပ်စွဲ #စစ်သား #ရဲ #ပျူစောထီး  #ဘန်ကာ၂ခု #စီးနင်းတိုက်ခိုက်ခံရ #ထိခိုက် #PDF #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10