မြင်းခြံက ကျေးရွာအုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မြင်းခြံက ကျေးရွာအုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂျူပ္ပင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကြံ့ခိုင်ရေး ရပ်ကျေး ဥက္ကဌလည်းဖြစ်သူ အမျိုးသားတဦး ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၀ ရက် မနေ့ညနေ ၅ နာရီလောက်မှာ ဂျူပ္ပင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် ၄၉ နှစ်ကို နေအိမ်အတွင်းရှိနေချိန်မှာ သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ 

"သူက အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေး ဥက္ကဌလည်းဖြစ်တော့ ရပ်ရွာထဲမှာ စကစ အားကိုးနဲ့ ပြောဆို လုပ်ကိုင်တာတွေရှိတယ်။ သတ်တာက ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးဝင်းလှိုင်ဟာ ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး နေအိမ်ဝန်းကျင်က လူတွေကို စစ်ဆေးမေးမြန်းပြီး အလောင်းကိုတော့ မြင်းခြံဆေးရုံကို သယ်သွားကြတယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၅ ရက်ညနေ ၆ နာရီလောက်မှာလည်း မြင်းခြံမြို့နယ်၊ ပျားကျေးရွာ၊ ထွေအုပ်ရပ်ကျေးစာရေး ဦးသန်းကြိုင် ၄၈ နှစ်ဟာ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းခေါ်သွားပြီးနောက် နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းပေါ်မှာ ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#မန္တလေး #မြင်းခြံ #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေး #အမျိုးသား #ရှင်းလင်းခံရ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10