မြင်းခြံက စစ်တပ်သတင်းပေးဆိုသူ ၂ ဦး ရှင်းလင်းခံရ

မြင်းခြံက စစ်တပ်သတင်းပေးဆိုသူ ၂ ဦး ရှင်းလင်းခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ စစ်ကောင်စီသတင်းပေးလုပ်နေသူ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် ည ၈ နာရီကျော်မှာ ကျောင်းကုန်းရွာအနောက်ဘက်နေ ဒေါ်လှလှ ၄၈ နှစ်နဲ့ ရွာလယ်ပိုင်းနေ ဦးမောင်မောင်မြင့် ၄၀ နှစ်တို့ကို သူတို့ရဲ့နေအိမ်တွေမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့က စကစ သတင်းပေးဒလန်လုပ်နေလို့ သူတို့နေအိမ်တွေမှာ ဝင်ရှင်းခဲ့တယ်။ နေအိမ်မတူလို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရှင်းခဲ့တာပါ။ ရှင်းတဲ့အချိန်မှာ သူတို့မိသားစုဝင်တွေရှိနေပေမယ့် ဘာမှ မလုပ်ခဲ့ဘူး"လို့ ပစ်ခတ်ရှင်းလင်းရာမှာပါဝင်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ အမျိုးသားနဲ့အမျိုးသမီး ၂ ဦးကို တယောက်ကို ၄ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ဦးဟာ ကျောင်းကုန်းရွာအနီးဝန်းကျင် တောစပ်တွေထဲမှာ PDF တွေ ခိုအောင်းနိုင်တဲ့နေရာကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးတာ၊ PDF စခန်းတွေကို စစ်ကြောင်းသွားချိန် လမ်းပြ လိုက်ပို့ပေးတာတွေရှိတာကြောင့် ခုလိုရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ သေဆုံးသူ အမျိုးသားဟာ NLD ပါတီဝင်ဖြစ်ပြီး အမျိုးသမီးက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်ဖြစ်ကာ PDF တွေဘက်က ဒလန်လို့စွပ်စွဲပြီး သတ်သွားတာလို့ ရေးသားထားပါတယ်။ 

စက်တင်ဘာ ၂၇ ရက်ကလည်း မြင်းခြံမြို့နယ်၊ ပျိုးကန်ရွာက စစ်ကောင်စီကို သတင်းပေးနေသူ ၄ ဦး နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ရှင်းလင်းခံရသည့် ဦးမောင်မောင်မြင့်။

စာတည်း - လင်း 

#မြေလတ်အသံ

#မြင်းခြံ #စစ်ကောင်စီ #သတင်းပေး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10