မြင်းခြံက ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ပိုင်ရှင်ဖြစ်သူ သေနတ်မှန်သေဆုံး

မြင်းခြံက ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ပိုင်ရှင်ဖြစ်သူ သေနတ်မှန်သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်၊ စည်ပင်သာယာဈေးကြီးမှာ ရွှေဆိုင် ဓါးပြတိုက်ခံရချိန် ပိုင်ရှင်ဖြစ်သူ သေနတ်မှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ဇွန်လ ၈ ရက် မနေ့ကနေ့လယ် ၂ နာရီလောက်မှာ ‘နီနီလွင်’ရွှေဆိုင်ကို လက်နက်ကိုင်အမျိုးသား ၄ ဦးက ဝင်ရောက်လာပြီး ရွှေတွေကို ဓားမြတိုက်ချိန် ဆိုင်ပိုင်ရှင်ဦးဇော်နိုင်ထွန်း ၅၁ နှစ် သေနတ်မှန် သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

 

"ဆိုင်က အတွင်းပိုင်း ရွှေကောင်တာကို ဟော်လိုသံပိုက်တွေနဲ့ ကာထားတာ။ လက်နက်ကိုင်တွေ ဝင်လာချိန် ဆိုင်ပိုင်ရှင်က ကောင်တာဘက်ဝင်တဲ့ တံခါးကို ပိတ်လိုက်တယ်လို့ သိရတယ်။ အဲဒီမှာ လက်နက်ကိုင်ထားသူတဦးက ပိုင်ရှင်ကို ပစ်သွားတာ"လို့ ပြောပါတယ်။

 

သေနတ်သမားတွေကတော့ ရွှေကောင်တာဘက်ဝင်လို့ မရတာကြောင့် ရွှေတွေမယူဘဲ ဒီအတိုင်းပြန်ထွက်သွားခဲ့ပြီး ဆိုင်ပိုင်ရှင်ကတော့ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲသေဆုံးသွားပြီး ရွှေတွေတော့ မပါသွားဘူးလို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးခဲ့ပေမယ့် ဓါးပြတိုက်သူတွေကို မမိဘဲ လွတ်သွားတယ်လို့ သိရပါတယ်။

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မြင်းခြံမြို့၊ မြို့မစျေးကြီးအနီးရှိ ဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိသာကျော် ပါသွားသေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဓါး​ပြတိုက် #ရွှေဆိုင် #ဆိုင်ရှင် #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10