မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီကားတန်း မိုင်း ၁၂ လုံးဆွဲခံရလို့ ၄ ဦးထက်မနည်း သေဆုံး

မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီကားတန်း မိုင်း ၁၂ လုံးဆွဲခံရလို့ ၄ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်း သစ်ရုံးကျေးရွာနဲ့ တူရွင်းဘိုကျေးရွာကြားမှာ စစ်ကောင်စီကားတန်းကို မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူအင်အား ၇၀ ကျော်ပါလာတဲ့ စစ်ကောင်စီဖောကား ယာဉ်တန်းကို ရှေ့ထွက်မိုင်းအပါအဝင် မိုင်း ၁၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" မိုင်းဆွဲခံရတော့ ကားတွေကတချက်တော့ ရပ်သွားတယ်။ ပြီးမှ ကားတွေကို ဖြည်းဖြည်းချင်းမောင်းသွားတယ်" လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ ပတ်ဝန်းကျင်ကို အော်ဟစ်ဆဲဆိုပြီး လက်နက်ငယ်တွေနဲ့ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီနဲ့ ပျူစောထီး ၄ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံမှာ ဆေးကုသနေရတယ်လို့ မိုင်းဆွဲခံရတဲ့ ယာဉ်တန်းပေါ်လိုက်ပါလာတဲ့ပျူစောထီးတွေနဲ့ နီးစပ်သူတွေထံက ပြန်သိရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ ညောင်တိုပျူရွာစခန်း တိုက်ခိုက်ခံရပြီး  ပျူစောထီး ၃ ဦးသေဆုံးကာ ၁၂  ဦးအရှင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ  #နဘူးအိုင်လမ်းပိုင်း #စစ်ကား #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10