မြင်းခြံနယ်မှာ နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်းကျည်းစုကျေးရွာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၇၀ ခန့်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ဆီက သိရပါတယ်။

မတ်လ ၁၁ ရက် ညနေ ၅ နာရီခွဲက မြင်းခြံမြို့ကနေထွက်လာတဲ့ ခမရ ၁၅ က စစ်သားတွေဟာ ၉ မိုင်ခန့်အကွာမှာရှိတဲ့ မန်းကျည်းစုကျေးရွာ နေအိမ်တွေမီးရှို့နေချိန်မှာ တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် နာရီဝက်ခန့်လောက် ရှိတယ်လို့ Freedom Fighter Guerrilla Force တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုမှာ တော်လှန်ရေးအင်အားစုတွေဘက်က အင်အားနဲ့ လက်နက်ခဲယမ်းနည်းပါးတာ ကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla၊ ONE PDF၊ ဒေါင်းမင်းတမာန် အထူးပြောက်ကျား ၊ ရွှေခြံသား ပြောက်ကျား နဲ့ MGN 35 တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ခမရ ၁၅ က စစ်သားတွေဟာ မြင်းခြံမြို့ သမုန်းကျေးရွာကို မီးရှို့ရာမှာ သက်ကြီးရွယ်အိုတဦး မီးထဲပါသွားတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10