မြင်းခြံမြို့အထွက်မှာ စစ်သားနဲ့ပျုတွေပါတဲ့ကား မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

မြင်းခြံမြို့အထွက်မှာ စစ်သားနဲ့ပျုတွေပါတဲ့ကား မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့မြောက်ဘက်တနေရာမှာ စစ်အုပ်စုရဲ့ ကား ၁ စီးကို PDF က မိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဘက် ၂ ဦးသေဆုံးတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာကနေ ပြန်လာတဲ့ စစ်သားနဲ့ပျူစောထီး ၅ ဦးပါတဲ့ ခွေးဘီလူးကားအမျိုးအစားကို မြင်းခြံမြို့အထွက် မြောက်ဘက်တနေရာမှာ ဒီဇင်ဘာ ၅ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" မိုင်းကတော့ လမ်းရဲ့တဘက်တချက်မှာ ထောင်ထားတာ။ ပြည်သူနဲ့ မလွတ်ကင်းတဲ့အနေအထားဖြစ်နေလို့ မိုင်း ၁ လုံးသာဆွဲလိုက်ရတာပါ။ အနီးအနားက ပြည်သူတွေပြောပြချက်အရ ၂ ဦးသေသွားတယ်။" လို့ မြင်းခြံခရိုင်တပ်ရင်း ၉ (Myingyan Black Tiger) MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သေဆုံးသူ ၂ ဦးထဲမှာ ဗိုလ် ၁ ဦးပါတယ်လို့ သတင်းရပေမယ့် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့မှာ လက်နက်ကိုင်လို့မရဘူး။ UG အနေနဲ့လုပ်ရတဲ့ အနေအထားကြောင့် ပုံမှန်ဆိုရင်တော့ အဲ့ဒီ ၅ ဦးလုံးကို အပြီးသတ်ရှင်းလင်းနိုင်မှာပါ။ အခုဟာကတော့ မိုင်းဆွဲပြီး ပြန်လာရတဲ့အနေအထား။" လို့ သူက ဆက်ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ ကားပေါ်ပါလာသူတွေက မြင်းခြံမြို့ ခမရ ၁၅ က စစ်သားနဲ့ မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင်သီတာယုမွန်ရဲ့ တပည့်တွေဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မြင်းခြံ #စစ်ကား #မိုင်းဆွဲ #MBT 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10