သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုကဲကျေးရွာအနီးရှိ ကုကဲရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ ရဲ၊ စကစ၊ ပျူ အင်အား ၃၀ ခန့်ရှိနေတဲ့ ကုကဲရဲစခန်းကို ဒရုန်းဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
"အရင်ဆုံးတလုံးချတာ စခန်းအရှေ့ဘန်ကာထဲကို ကျတာ။ နောက်နှစ်လုံးက စခန်းထဲကိုကျတာ။ အချုပ်ထောင် နားက ပျူတွေနဲ့စကစတွေ ထိခိုက်တယ်၊ ဘန်ကာထဲက ရဲတွေလည်းထိတယ်။ ပြေးတဲ့သူတွေလည်း ပြေးကြတယ်" လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးချတိုက်ခိုက်ခံရပြီးနောက် PDF တွေရှိမယ်ထင်တဲ့ ကုကဲကျေးရွာထဲကို ရဲစခန်းအတွင်းက စစ်ကောင်စီဘက်က ၄၀ မမအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာထဲပေါက်ကွဲပြီး နွား ၄ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို MGN ဒေါင်းမင်းတမာန်အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း 27၊ မြင်းခြံမြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်း သစ်ရုံးကျေးရွာနဲ့တူရွင်းဘိုကျေးရွာကြားမှာ စစ်ကောင်စီကားတန်း မိုင်း ၁၂ လုံးဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #မြင်းခြံမြို့ #ကုကဲကျေးရွာ #ကုကဲရဲစခန်း #ဒရုန်း
Share Share Share