မြင်းခြံမှာ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံး၊ ဗိုလ်မှူးအဆင့် အပါ ၅ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄  တပ်ရင်း ပူးပေါင်းတပ်တွေဟာ ဇွန်လအတွင်း တိုက်ပွဲ ၁၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇွန် ၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ကျော်ထိတိုက်ခိုက်ခဲ့ရမှာ ကြားဖြတ်တိုက်ခိုက်တာတွေအပြင် ဝေဟင်ကပါ ဒရုန်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် ၁ ဦးအပါ တပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၅ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်ကနေ RPG-7 ၁ လက် ၊ ငါးကြင်းမြီး စက်လတ် ၁ လက် ၊45 စိန်ပြောင်း ၁ လက် ၊ MA 1 ၄ လက် ၊ MA 2 ၁ လက် ၊ MA 3 ၄ လက် ၊ G 3 ၅ လက် ၊ အူစီ ၂ လက် ၊ MA 5 ပစ္စတို ၂ လက်နဲ့ ကျည်မျိုးစုံ ၃၀၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ မြင်းခြံမြို့နယ်၊ နွားထိုးကြီးနယ်၊ ဝက်လူးနယ်၊ မိတ္ထီလာနယ်ဘက်တွေကနေကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာကြတာဖြစ်ပြီး ရွာတွေကို မီးရှို့တာတွေ ပြုလုပ်နေချိန်တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်တာတွေရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကိုတော့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄  တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၊ မြင်းခြံမြို့နယ်-ပကဖ၊ နွားထိုးကြီးမြို့နယ်-ပကဖ ၊ တံတားဦးမြို့နယ်-ပကဖ ၊ မြင်းခြံခရိုင်-Droneတပ်ဖွဲ့ ၊ မြင်းခြံခရိုင်အတွင်းတွင်ရှိသော အခြားသောမဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ၁၂ ကြိမ်ကျော်အထိ တိုက်ခိုက်ခံရပြီး ဝက်လူးနယ်မြေထဲကို ပြန်စစ်ကြောင်းထိုးသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #စစ်တပ် #PDF #ပကဖ #တိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10