မြင်းခြံမှာ အမျိုးသမီး ၂ ဦးနေအိမ်မှာ ပစ်သတ်ခံရ

မြင်းခြံမှာ အမျိုးသမီး ၂ ဦးနေအိမ်မှာ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာ အမျိုးသမီး ၂ ဦး နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂ ရက် မနေ့ကမနက်ပိုင်းမှာ နှပ်ချိုတောကျေးရွာနေ မသက်မွန် ၃၇ နှစ်နဲ့ မခင်သီတာထွန်း ၃၉ နှစ်တို့ဟာ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစုက လာရောက်ပစ်ခတ်သွားတာလို့  ဆိုပါတယ်။

"သူတို့က ဒလန်လုပ်တယ်ဆိုပြီး လာပစ်သတ်သွားတယ်လို့တော့ သိရတယ်။ စကစ အဖွဲ့တွေလာရင်လည်း တိုင်တာတောတာတွေ လုပ်တတ်သေးတယ်တဲ့။ ဘာကြောင့် သတ်ခံရတယ်ဆိုတာကတော့ လုပ်တဲ့သူတွေဘဲ သိလိမ့်မယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို ပစ်ခတ်ခံရတာကြောင့် အထက်ပါ အမျိုးသမီး ၂ ဦးမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာဘဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။

သူတို့ ၂ ဦးဟာ ဆွေမျိုးတော်စပ်သူတွေလို့ သိရတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ မသိရသေးသလို ဒေသခံ ကာကွယ်အဖွဲ့တွေဘက်ကလည်း ထုတ်ပြန်ကြေငြာတာမျိုး မတွေ့ရသေးပါဘူး။

ဇူလိုင်လ ၃၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ ဦးမြင့်ထီ ၄၅ နှစ်နဲ့ တူမဖြစ်သူ မခိုင်ဇင်မိုး ၃၀ နှစ်ကို နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစုက နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားပြီး လမ်းတနေရာမှာ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

 #မြေလတ်အသံ

#မန္တလေး #မြင်းခြံ #အမျိုးသမီး၂ဦး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10