မြင်းခြံမှာ စစ်ကားတစီး တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

မြင်းခြံမှာ စစ်ကားတစီး တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီကားတစီး ဖေဖော်ဝါရီလ ၄ ရက်နေ့လည် ၁၂ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နဘူးအိုင်ကျေးရွာကနေ အိမ်စီးကားသေးတစီး စီးလာတဲ့စစ်ကောင်စီတပ်သား ၆ ဦးက မြင်းခြံမြို့ကိုလာချိန် ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ လဂွန်းအိမ်က ပြောပါတယ်။

"ကားထဲမှာက အရပ်ဝတ်နဲ့စကစ ၆ ကောင်ပါတယ်။ အဲဒီကားကို နဘူးအိုင်-မြင်းခြံလမ်းပိုင်းတနေရာမှာ စောင့်ကြိုမိုင်းဆွဲခဲ့တာ။ သေဆုံး၊ ဒဏ်ရာရတာကိုတော့ ဖရဲသီးပြောလာလို့ အတည်ပြုနိုင်ခဲ့တာ" လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတဲ့ကားမှာ ပျက်စီးမှုရှိခဲ့ပေမယ့် စစ်ကောင်စီးတပ်သားတွေက မြင်းခြံမြို့ဘက်ကိုပဲ ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်မှာလည်း ယက်သာကျေးရွာကနေ အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေပါဝင်တဲ့ ကားအသေး ၂ စီး၊ လုံခြံရေးလိုက်ယူနေတဲ့ ဆိုင်ကယ် ၇ စီးတို့ကို လေးတန်းရွာနဲ့ ဖက်ရင်းရွာကြားကိုအရောက်မှာ မိုင်း ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး သေပြီး ၁ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10