မြင်းခြံမှာ စစ်ကောင်စီတပ်သား ၁ ဦး ဆေးခွင့်ယူပြီးအနားယူနေချိန် ပစ်ခတ်ရှင်းလင်းခံရ

မြင်းခြံမှာ စစ်ကောင်စီတပ်သား ၁ ဦး ဆေးခွင့်ယူပြီးအနားယူနေချိန် ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ဦး ဆေးခွင့်ယူပြီး အနားယူနေချိန် သြဂုတ်လ ၃၀ ရက် မနက် ၁၀ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။

အသတ်ခံရသူမှာ သစ်ရုံကျေးရွာက အသက် ၃၀ ကျော်အရွယ် စစ်ကောင်စီတပ်သား ထွန်းထွန်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်းတခုမှာ တာဝန်ထမ်းဆောင်နေချိန် တိုက်ပွဲတခုမှာ ဘယ်ဖက်ခြေသလုံးကို ကျည်ထိမှန်ဒဏ်ရာရရှိတာကြောင့် သူ့ရဲ့ကျေးရွာမှာအနားလာယူနေတာ ၁ လကျော်ပဲရှိသေးတယ်လို့ ဆိုပါတယ်။ 

"သူ့ကို နေအိမ်မှာဘဲရှင်းလင်းခဲ့တာ။ သူ စစ်မှုထမ်းခဲ့တဲ့ တပ်နာမည်နဲ့ ရာထူးအတိအကျကိုတော့ မသိရသေးဘူး။ သူက အိမ်မှာမောင်နှမ ၂ ယောက်တည်း နေကြတာ"လို့ မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ကိုနွေမိုက်က ပြောပါတယ်။

စစ်ကောင်စီတပ်သား ထွန်းထွန်းဟာ ကျေးရွာခံပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေတောင်းနေတာ၊ ပျူစောထီးအဖွဲ့အတွက် လူသစ်စုဆောင်းတာတွေကို ဆောင်ရွက်နေတာကြောင့် အခုလိုရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ တပ်ခွဲမှူး ကိုနွေမိုက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်ကလည်း မြင်းခြံမြို့နယ်၊ ညောင်ဝန်း (ခေါ်) ကန်လှကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးတင့်နိုင် ၅၆ နှစ်ကို နဘူးအိုင်ကျေးရွာစျေးထဲ ပြောင်းဖူးဝယ်ယူနေချိန်  ဒေါင်းနီ - မြင်းခြံမြောက်လတ်အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မန္တလေး #မြင်းခြံ #စစ်ကောစီ #တပ်သား #ဆေးကုသ #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10