မြင်းခြံမှာ စစ်ကောင်စီ သတင်းပေး ၄ ဦး နေအိမ်မှာ ပစ်သတ်ခံရ

မြင်းခြံမှာ စစ်ကောင်စီ သတင်းပေး ၄ ဦး နေအိမ်မှာ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ရွာက စစ်ကောင်စီကို သတင်းပေးနေသူ ၄ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြင်းခြံမြို့နယ်ပကဖထံက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီခန့်မှာ စစ်ကောင်ကိုသတင်းပေးနေတဲ့ ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေး ၅၄ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းကြည်(ခ)ဒေါ်စိန်တင် ၅၃ နှစ်၊  ဒေါ်လုံး ၅၄ နှစ်၊ ဦးကျော်မိုး ၅၄ နှစ်တို့ကို နေအိမ်တွေမှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"စကစနဲ့ မပတ်သက်ဖို့ သတင်းမပေးဖို့ အကြိမ်ကြိမ်သတိပေးပေမယ့် မလိုက်နာတဲ့အတွက် သူတို့ နေအိမ်တွေမှာပဲ လေးငါးခြောက်ချက်မက ပစ်ခတ်ရှင်းလင်းခဲ့တာ" လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အနီးကပ်ပစ်ခတ်ရှင်းလင်းခံရလို့ အဆိုပါ သတင်းပေးဆိုသူ ၄ ဦးမှာ ဦးခေါင်း၊ ဝမ်းဗိုက်၊ လက်တွေမှာ ကျည်ထိ ဒဏ်ရာတွေရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူ ၄ ဦးဟာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့သတင်းကို စုံစမ်းပြီး စစ်ကောင်စီတပ်တွေကို သတင်းပေးသလို စစ်ကြောင်းတွေကို ခေါ်ယူပြီး ဒေသကာကွယ်ရေးစခန်းတွေကို လိုက်ပြပေးတာတွေရှိနေလို့ ကာကွယ်ရေးအဖွဲ့တွေ မကြာခဏ စခန်းစွန့်ခွာ ထွက်ပြေးရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၉ ရက်ကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာဆိုင်းဘုတ်အနီးမှာ စစ်တပ်နဲ့ပျူစောထီးအတွက် ဆက်ကြေးကောက်ပေးတဲ့ ညောင်ပင်ဝန်းကျေးရွာက  ပျူစောထီး မောင်မောင်ဆိုသူဟာ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့နယ် #ပျိုးကန်ရွာ #စစ်ကောင်စီ #သတင်းပေး #ပျူစောထီး #ဒလန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10