မြင်းခြံမှာ ဌာနဆိုင်ရာရုံးတချို့ပိတ်ပြီး ဝန်ထမ်းနဲ့ဒေသခံတွေ မြို့ပေါ်ကတိမ်းရှောင်နေ

မြင်းခြံမှာ ဌာနဆိုင်ရာရုံးတချို့ပိတ်ပြီး ဝန်ထမ်းနဲ့ဒေသခံတွေ မြို့ပေါ်ကတိမ်းရှောင်နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတချို့ပိတ်ထားပြီး ဝန်ထမ်းတွေနဲ့ ဒေသခံတွေ မြို့ကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ့်သတင်းတွေ ထွက်ပေါ်ပြီးနောက် သြဂုတ်လပထမပတ်အတွင်းကစတင်ပြီး တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။ 

"မြို့ပေါ်မှာ လူနည်းနည်းပဲကျန်တော့တယ်။ ညနေရောက်ပြီဆိုတာနဲ့ လူသံတွေကိုတိတ်ဆိတ်နေတာပဲ။” လို့ မြင်းခြံမြို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမြင်းခြံမြို့ပေါ်မှာလည်း ရိုးမဘဏ်တခုသာ အချိန်အကန့်သတ်နဲ့ဆက်လက်လည်ပတ်နေကာ တခြားဘဏ်လုပ်ငန်းနဲ့ စာသင်ကျောင်း၊ တရာရုံးနဲ့ ဌာနဆိုင်ရာလုပ်ငန်း အများစုကတော့ ပိတ်ထားပြီး ရဲစခန်းကတော့ဖွင့်ထားသေးတယ်လို့ ဆိုပါတယ်။  

"စစ်ပွဲက အချိန်မရွေးရောက်လာနိုင်တာမို့ ပြည်သူတွေဘေးကင်းရာကို ရှောင်ထားကြရင်တော့ ပိုကောင်းတာပေါ့"လို့ လက်ရှိမြင်းခြံမြို့အနီးမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မြင်းခြံမြို့‌မြောက်ဘက်အဝင်ရှိ စစ်ကောင်စီရဲ့ ခမရ ၁၅ ကနေလည်း အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာကြောင့် အနီးကျေးရွာတွေက ဒေသခံထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။ 

လက်ရှိမှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။  

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဒေသခံထွက်ပြေး #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10