မြင်းခြံမှာ တရက်တည်း ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ

မြင်းခြံမှာ တရက်တည်း ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် တရက်တည်းမှာပင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူတွေဟာ ဗလုံကျေးရွာအုပ်စု၊ လေးရွာဆုံကျေးရွာမှ ဝင်းစိုး ဆိုသူ အသက် ၅၀ နှစ်ခန့် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ တောင်ယာလုပ်နေချိန် ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာပဲ ရသာကျေးရွာနေ အုပ်ချုပ်ရေးရွာခွဲ တာဝန်ခံ ဦးတင်ကြိုင် ၅၅ နှစ်ခန့်နဲ့ ဇနီးဖြစ်သူ ၅၀ နှစ်ခန့်တို့ဟာ နေအိမ်မှာရှိနေချိန် အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ပုံစာ - ရသာကျေးရွာနေ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံလင်မယား။

 

 

"ဦးတင်ကြိုင်က စကစ ခန့် ကျေးရွာတာဝန်ခံပါ။ ဒီဘက်ခြမ်းက ကျေးရွာအုပ်စုမှာ ရွာမများရင် ကျေးရွာတာဝန်ခံတွေ ခန့်ထားတာရှိတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတော့ မဟုတ်ဘူး။ နောက်တယောက်က လေးရွာဆုံရွာက။ သူလည်း စကစနဲ့ ပတ်သက်တယ်လို့တော့ သိရတယ်။ တမနက်တည်း ဖြစ်တာပေါ့။ ရွာ ၂ ခုက မိုင် ၂၀ လောက်တော့ ဝေးတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ လေးရွာဆုံကျေးရွာက ဝင်းစိုး ဆိုသူဟာ သားဖြစ်သူ ဗိုလ်ကြီးရဲ့ အရှိန်အဝါသုံးပြီး စစ်တပ်ခေါ်ကာ ဒေသအတွင်း လူထုအပေါ်  ခြိမ်းခြောက် ဖိအားပေးနေတဲ့ ပျူစောထီးခေါင်းဆောင်တဦးဖြစ်လို့ ပစ်ခတ်ခဲ့တာဖြစ်တာ ဖြစ်ပြီး ၎င်းဆီကနေ လက်ပစ်ဗုံး ၁ လုံး နဲ့ ဂျင်ကလိတွေ သိမ်းဆည်းရမိတယ်လို့ နွားထိုးကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ NDRF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ လင်မယားကိုတော့ ဗိုလ်စက္က(MGPDF) နဲ့ လူကြမ်းကြီးများအဖွဲ့က ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ တူးရွှင်းဘိုကျေးရွာနဲ့ ကန်ဆွယ််ကျေးရွာတွေမှာ တပ်ထောက်ခံသူ ၁ ဦး အပါအဝင် ၃ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10