မြင်းခြံမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရ

မြင်းခြံမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာနဲ့ကျောက်ကုန်းကျေးရွာကြားမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် နေ့လယ်  ၁ နာရီကျော်ခန့်မှာ ရွာရှည်ကျေးရွာ မီးလင်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်အောင် ၅၉ နှစ်ဟာ ကျောက်ကုန်းကျေးရွာဘက်ကနေ ရွာရှည်ကျေးရွာကို တဦးတည်း ဆိုင်ကယ်နဲ့ပြန်လာချိန် သေနတ်သမား ၂ ဦးက အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"သူ့ကို သေနတ်သမားတွေက စောင့်ကြည့်နေတာဖြစ်မယ်။ လေးငါးချက်လောက်ပစ်သွားလို့ နေရာမှာပဲ သေသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးကျော်အောင်ဟာ ကျေးရွာထဲမှာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီကဖွဲ့တဲ့ ကျေးရွာရပ်မိရပ်ဖထဲလည်းပါသလို  မီးလင်းရေးကော်မတီဝင်လည်ဖြစ်တယ်လို့ ဆိုပါတယ်။

အနီးကပ်သေနတ်နဲ့ပစ်ခံရလို့ ဦးကျော်အောင်မှာ ဦးခေါင်း၊ နားရွက်၊ နောက်ကျော ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။

သေနတ်သမားတွေက ဦးကျော်အောင်ကိုပစ်သတ်ပြီး သူစီးလာတဲ့ ဆိုင်ကယ်ကိုပါဆောင်သွားတယ်လို့ သိရပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ထံက သိရပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း  နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းဘေး ဇရပ်အနီးမှာ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက ရပ်ကျေးစာရေး ဦးသန်းကြိုင်ဆိုသူဟာ ဖမ်းဆီးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ #ရွာရှည်ကျေးရွာ #ကျောက်ကုန်းကျေးရွာ #ရပ်ကျေးမီးလင်းရေးကော်မတီ #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10