မြင်းခြံမှာ သံဃာတော် ၁ ပါး အသတ်ခံရ

မြင်းခြံမှာ သံဃာတော် ၁ ပါး အသတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂွေပင်ရိုးကျေးရွာက သံဃာတော် ၁ ပါး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီခန့်မှာ ဂွေပင်ရိုးကျေးရွာ၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးပညာသာမိ ၄၅ နှစ်ကို လက်နက်ကိုင်အဖွဲ့တခုက ကျောင်းထဲကို ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"မနေ့က ဂွေးပင်ရိုးက ဆရာတော်ပစ်သတ်ခံရတာက ဟုတ်တယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရဘူး။ တောင်သာဘက်က လာတဲ့ စကစ စစ်ကြောင်းတွေက အဲ့ဘုန်းကြီးကျောင်းမှာ အမြဲလိုလို ဝင်နားတာနေတာတော့ ရှိတယ်။ အဲဒါနဲ့များဆက်စပ်နေမလားတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးပညာသာမိမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာဘဲ ပျံလွန်တော်မူခဲ့ကာ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်သတ်သွားလဲဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာအုပ်စု၊ လေးရွာစုံကျေးရွာနဲ့ ရသာကျေးရွာမှာ အုပ်ချုပ်ရေးမှူးလင်မယားအပါအဝင် ၃ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို် သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဆရာတော် #အသတ်ခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10