မြင်းစီးကျေးရွာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

မြင်းစီးကျေးရွာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အဝင်မှာ မြင်းစီးကျေးရွာ ပျူစောထီးအဖွဲ့ပစ်ခံရလို့ ပျူစောထီးခေါင်းဆောင် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခန့်က ရန်ကြီးအောင်ရပ်ကွက် ကားဝပ်ရှော့တခုမှာ မြင်းစီးကျေးရွာ ပျူစောထီး ခေါင်းဆောင်(အုပ်ချုပ်ရေးမှူး) ဦးဌေးအောင်ပါ အဖွဲ့ဝင် ၃ ဦး ကားပြင်နေချိန် ဒေသကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

"သူတို့လာတာကို သတင်းရလို့ စောင့်ဆိုင်းပြီး ပစ်ခတ်တာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်သေးတယ်လို့ သိရတယ်။ ပျူခေါင်းဆောင်ကတော့ နေရာမှာပဲသေသွားတယ်" လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပစ်ခတ်မှုအပြီး ပျူခေါင်းဆောင်ဌေးအောင်ဟာ နေရာမှာပွဲချင်းပြီးသေဆုံးသွားပြီး ပျူစောထီးအဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဒီဇင်ဘာ ၂၀ ရက်ကလည်း ရွှေဘို့မြို့၊ အမှတ် ၆ ရပ်ကွက်၊ ပန်းတလင်းဘုန်းကြီးကျောင်းအနီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ အမှတ် ၆ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးမျိုးမြတ်ထွန်းဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့  #မြင်းစီးကျေးရွာ #ပျူစောထီး #ပျူစောထီးခေါင်းဆောင် #ဒလန် #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10