မြင်းမူနယ်မှာ ရွာခံသားအဖ ၃ ဦးနဲ့ PDF ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းပြီးသတ်သွား

မြင်းမူနယ်မှာ ရွာခံသားအဖ ၃ ဦးနဲ့ PDF ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းပြီးသတ်သွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၅ ရက် နေ့လယ် ၃ နာရီကျော်မှာ ရွာခံအရပ်သား ၃ ဦးနဲ့ PDF ၁ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ မြင်းမူ PDF ထံက သိရပါတယ်။

 

အသတ်ခံရသူများမှာ နဘဲကျူးရွာက သားအဖ ၃ ဦးဖြစ်တဲ့ ဦဆန်းဝင်း ၊ ကိုဖိုးကြောင်၊ ကျော်သူအောင်နဲ့ တပ်ဖွဲ့အမည် မသိရသေးတဲ့ PDF ရဲဘော် အောင်ဇော်ထက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

"သားအဖ ၃ ယောက်က ရွာနားကတောမှာ ငှက်ပစ်နေကြတာ။ အဲ့ဒီမှာ စကစတွေနဲ့တွေ့လို့ ဖမ်းခေါ်ပြီး သတ်သွားတာ။ ရဲဘော်တယောက်ကတော့ သူ့တပ်ဖွဲ့နဲ့ စစ်ကြောင်းကိုသွားပစ်တာ။ စကစကပြန်ပစ်လို့ပြန်ဆုတ်တဲ့ အချိန်မှာ မျက်စိလည်လမ်းမှားပြီးကျန်ခဲ့တာကို စကစတွေက ဖမ်းပြီးသတ်လိုက်တာ"လို့ မြင်းမူ PDFမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

 

အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်း တပ်မ ၃၃ က ဖြစ်ပြီး ဒေသခံ ၃ ဦးနဲ့ PDF ၁ ဦးကို သတ်ဖြတ်ပြီးနောက် ဇူလိုင် ၆ ရက်မှာ မအူကျေးရွာကိုဝင်ကာ လူနေအိမ်တွေကိုမီးရှို့ခဲ့ပြီး မကျီးကန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာအနီးက PDF ၃ ဦး၊ မအူကျေးရွာအနီးက PDF ၂ ဦးတို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ၅ ဦးစလုံးသေဆုံးပြီး လက်နက်တွေပါသိမ်းဆည်းရမိခဲ့တယ်လို့ ဝါဒဖြန့်ရေးသားဖော်ပြထားပါတယ်။

 

မကျီးကန်ကျေးရွာထဲ တပ်စွဲနေချိန် People's knight Defe nse Force Myinmu (PKDF- MMU)နဲ့ပူးပေါင်းအဖွဲ့ ၃ဖွဲ့က ၈၀ မမ ၄လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ P.K.D.Fမှ ဗိုလ်အေးချမ်းက မြေလတ်အသံကို ပြောဆိုထားပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #အရပ်သား #PDF #သေဆုံးမှု #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10