မြင်းမူ၊ မအူရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

မြင်းမူ၊ မအူရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မအူကျေးရွာက လူနေအိမ်တွေကို မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၆ ရက် ည ၆နာရီကျော်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦးဒဏ်ရာပြင်း ထန်စွာရရှိခဲ့တယ်လို့ People's knight Defe nse Force Myinmu (PKDF-MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

တပ်မ ၃၃ ကနေ အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နေ့လယ် ၁ နာရီကျော်မှာ မအူကျေးရွာကို ကားနဲ့ရောက်ရှိပြီး ရွာထဲဝင်ကာ နေအိမ်တွေကို မီးရှို့ခဲ့ပြီးနောက် မကျီးကန်ကျေးရွာထဲကို ခြေလျင်ရောက်ရှိကာတပ်စွဲနေချိန် ၈၀ မမ ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"မအူပင်ရွာမှာ တပ်မမ ၃၃ကနေ ကားနဲ့လာချသွားတာ။ အဲကောင်တွေက မီးရှို့ပြီး မကျီးကန်ရွာထဲ မှာ တပ်စွဲနေတာ။ အဲတာကို သွားပစ်တာ။ လက်နက်ကြီးတွေက တပ်စွဲနေတဲ့နေရာနားကို ၃ လုံးကျတယ်။ ဒဏ်ရာရတဲ့ ၁ ကောင်က သေဖို့များတယ်လို့ အတွင်းသတင်းပေးပြောလို့ သိရတယ်" လို့ ဗိုလ်အေးချမ်းက ပြောပါတယ်။

မအူကျေးရွာ မီးရှို့ခံရတဲ့ အခြေအနေအသေးစိပ်ကို မသိရှိရသေးသလို မကျီးကန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲကာ ညအိပ်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၇ရက် ဒီကနေ့ မနက် ၁၁ နာရီကစလို့ မွန်လွဲ ၃နာရီအချိန်ထိ ဂုန်ညှင်းစိမ်းကျေးရွာကို ဝင်ရောက်မီးရှို့နေတယ်လို့ သူကဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ People's knight Defense Force Myinmu (PKDF-MMU)၊ DKPDF -MMU  ၊ D.B.B.F-MMU စတဲ့မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇၊ ၂၈ ရက်မှာလည်း မုံရွာမြို့ကနေ စစ်ကိုင်းမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၉ စီးကို ဝမ်းပြည့်နဲ့ အလ္လကပ္ပကျေးရွာကြားမှာ People's Knight Defense Force Myinmu(PKDF-MMU)အပါအဝင် မဟာမိတ်အဖွဲ့တွေနဲ့ မိုင်း ၆ ကြိမ်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ကား ၄ စီးပျက်စီးသွားခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #မအူကျေးရွာ #PDF #စစ်ကောင်စီ #လက်နက်ကြီးပစ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10