မြင်းမူမြို့နယ်မှာ စစ်တပ်က ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်

မြင်းမူမြို့နယ်မှာ စစ်တပ်က ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်

မြင်းမူမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်သွားကာ ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၇ ရွာကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးခဲ့ရာမှ အဲ့ဒီအထဲက စစ်ကြောင်း တကြောင်းဟာ စက်တင်ဘာ ၁၅ ရက်မှာ မြင်းမူမြို့နယ်၊ မူးဝထောင်ကျေးရွာဘက်ကိုရောက်လာပြီး မူးဝထောင် ကျေးရွာမှ အမျိုးသား ၂ ဦး၊ ညောင်ရင်းရွာမှ အမျိုးသား ၁ ဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ကိုလာပြီး စစ်ရှောင်နေတဲ့ အမျိုးသမီးတဦးကိုလည်း စစ်တပ်က ထပ်မံသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

" စစ်ကိုင်းနယ်ထဲက ပြေးတဲ့သူတွေကို သူတို့(စစ်တပ်)က ကင်းထောက်တွေနဲ့ အရွယ်ကောင်းတွေဆို အကုန်လိုက်ဖမ်းတာ။ အဖမ်းခံရတဲ့အထဲက လူတချို့အသတ်ခံရတာ" လို့ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၇ ရက်မှာ မြင်းမူမြို့ပေါ်က လမ်းမတွေကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး ဒေသခံတချို့ကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ဓားစာခံပြည်သူ ၂၀ ခန့်ကိုခေါ်ပြီး မြစ်ပေါက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စပ္ပကုန်းကျေးရွာကို ထပ်မံဝင်ရောက်လာပြီး ဒီနေ့ညနေပိုင်းမှာ ရွာသစ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်နေတယ်လို့ သိရပါတယ်။

အခုစစ်ကြောင်းကြောင့် မြင်းမူမြို့နယ်မှာ စစ်ရှောင်ပြည်သူသောင်းချီ ထွက်ပြေးနေရပြီး သေဆုံးသူများပြားနိုင်သလို စစ်ရှောင်ကူညီသူတွေအနေနဲ့လည်း လူဦးရေ မစိစစ်နိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကြောင်း ၄ ကြောင်းနဲ့ စက်တင်ဘာ ၁၄ ရက်ကစပြီး ဒီနေ့အထိ စစ်ကိုင်းမြို့နယ် ထဲမှာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကိုင်းမြို့နယ်ထဲက ဒေသခံပြည်သူ ၁၃ ဦးကို သတ်ဖြတ်ထားပြီး ပြည်သူ ၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်များ သတ်ဖြတ်သွားသည့် မြင်းဆည်ကျေးရွာသား အမျိုးသား ၄ ဦး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံပြည်သူ #ဓားစာခံ #မူးဝထောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10