မြင်းမူမြို့နယ် မကျီးကန်ရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်

မြင်းမူမြို့နယ် မကျီးကန်ရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မကျီးကန်ရွာကို ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တဦးနဲ့ သံဃာတော်တပါး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)အဖွဲ့တွေရဲ့ အစည်းအဝေးပြုလုပ်ချိန်မှာ သတင်းပေါက်ပြီး စစ်တပ်က ရဟတ်ယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

"ကာကွယ်ရေးရဲဘော်တဦးနဲ့ ကိုရင်ကြီးတဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ အပျက်အစီး နည်းနည်းလည်းရှိတယ်လို့ ကြားတယ်" လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မကျီးကန်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်မှုဟာ မိနစ် ၂၀ နီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီနေ့မနက်အစောပိုင်းကလည်း မြင်းမူမြို့နယ် အရှေ့ခြမ်းကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှု အခြေအနေအသေးစိတ်တော့ မသိရဘူးလို့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ နိုင်ငံတဝှမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီထဲမှာမှ စစ်ကိုင်းတိုင်းကို ၂၉၅ ကြိမ်နဲ့ ဒုတိယအများဆုံး တိုက်ခိုက်ခဲ့တာလို့ ဥာဏ်လင်းသစ် သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြင်းမူမြို့နယ် #မကျီးကန်ရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #ပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10