မြင်းမူမှာ ကုန်စုံဆိုင်မီးလောင်ပြီး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

မြင်းမူမှာ ကုန်စုံဆိုင်မီးလောင်ပြီး ၁ ဦးသေ ၂ ဦးဒဏ်ရာရ

 စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ သီဟရပ်ကွက်ရှိ ကုန်စုံဆိုင်မီးလောင်ပြီး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် ဒီမနက် ၁ နာရီကျော်ခန့်မှာ မသန်းသန်းစိုး ကုန်စုံဆိုင်ရှိ မီးအားမြှင့်စက်ကနေ ဝါယာရှော့ဖြစ်က မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"အိမ်က ၃ ထပ်။ အောက်မှာက ကုန်စုံဆိုင်။ လူက အလယ်ထပ်မှာ အိပ်ကြတာ။ ဖြစ်တာကအောက်ထပ် ကုန်စုံရောင်းတဲ့နေရာက မီးအားမြှင့်စက်ကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာ။ ဖြစ်တာက အောက်ဆုံးထပ်ကဆိုတော့ အလယ်ထပ်က လူတွေက ပြေးရခက်တဲ့သဘော ဖြစ်သွားတယ်။ ထိခိုက်သေဆုံးသူတွေက ဆိုင်ရှင်ရဲ့မိသားစုဝင်တွေပါဘဲ" လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် မသန်းသန်းစိုးရဲ့မိသားစုဝင် အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပြီး ကုန်စုံဆိုင်မီးလောင်ခဲ့တာကြောင့် ကျပ်သိန်း ၆၀၀ ကျော်ဖိုး မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မီးလောင်ရာနေရာကို မြင်းမူမြိုနယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မြို့မ အရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့လို့ မီးလောင်ပြီး ၂ နာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်ကလည်း မြင်းမူမြို့နယ်၊ ဆပ်ပြာကျေးရွာမှာ နွားစာပုံထားတဲ့နေရာကို ကလေး ၂ ဦးက မီးယူဆော့ရာမှာ မီးလောင်မှုဖြစ်ပြီး ကလေး ၂ ဦးသေဆုံးကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10