သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် ဦးနှောင်းကုန်းကျေးရွာက လူနေအိမ် ၈လုံးနဲ့ နွားစာတဲ ၄လုံး မီး လောင်ပြာကျသွားတယ်လို့ သိရပါတယ်။
မတ် ၁၅ ရက် ယမန်နေ့ည ၈နာရီကျော်မှာ ဦးနှောင်းကုန်းကျေးရွာနဲ့ ၂ မိုင်ကွာဝေးတဲ့ ရေပိုးစားကန်အထိုင်စခန်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
"နတ်ရေကန်က ၁၂ ဘီး ၃ စီးနဲ့ ထွက်လာတဲ့ စကစတွေက ရေပိုးစားကန်မှာ အထိုင်ချပြီးတော့ ဦးနှောင်းကုန်းရွာဖက်ကို လက်နက်ကြီး ၃ လုံးပစ်ခဲ့တာ" လို့ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မီးဘေးလုံခြုံရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
နေအိမ်တွေဆုံးရှုံးသွားခဲ့တဲ့ ပြည်သူတွေကို မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီဆောင်ရွက်မှုတွေပေးထားပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်တွေမီးလောင်ချိန်မှာ ဦးနှောင်းကုန်း ရွာခံပြည်သူတွေ ဘေးလွတ်ရာကျေးရွာတွေဆီထွက်ပြေးခဲ့ကြရပေမယ့် လက်ရှိမှာတော့ မိမိကျေးရွာကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #မြင်းမူ #လက်နက်ကြီး #စစ်ကောင်စီ #ပစ်ခတ်
Share Share Share