မြင်းမူမှာ စစ်တပ်က မန္တလေး-မုံရွာလမ်းကို လမ်းကြောင်းရှင်း၊ ဒေသခံတချို့ အဖမ်းခံထားရ

မြင်းမူမှာ စစ်တပ်က မန္တလေး-မုံရွာလမ်းကို လမ်းကြောင်းရှင်း၊ ဒေသခံတချို့ အဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မန္တလေး-မုံရွာကားလမ်းမကို လမ်းကြောင်းရှင်းနေပြီး ဒေသခံတချို့ ဖမ်းဆီးခံထားတာကြောင့် အဲဒီလမ်းပိုင်းကို ယာယီအသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ်တွေက ကြေညာချက်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သြဂုတ် ၄ ရက် ဒီနေ့မနက်မှာ မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းရွာရဲ့အရှေ့ဘက် ပျားစခန်းကွေ့မှာ တကရ ၆၀၀၅နဲ့ ခမရ ၂၄ အမြောက်တပ်တွေက အင်အား ၃၀ လောက်နဲ့ ရောက်လာပြီး အနီးနားကျေးရွာတွေဖြစ်တဲ့ နှုံးတွင်းရွာသား ၄ ဦး၊ မောင်းတောင်ရွာသား ၁ ဦး၊ ပေါက်ကိုင်းရွာသား ၂ ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်ပင်ဝန်းကျေးရွာကနေလည်း စစ်သား ၁၅ ဦးခန့် ထွက်လာပြီး လက်ရှိအချိန်မှာ ပျော့ရွာကျေးရွာက ဓာတ်ဆီဆိုင်နားမှာရှိနေတယ်လို့ဆိုပါတယ်။

"လမ်းကြောရှိမလားမသိဘူး။ ထီးဆောင်းရွာဘက်က စစ်တပ်ကလည်း လှုပ်တယ်လို့ပြောတယ်။ ပျားစခန်းကွေ့ ဘက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းတွေ ရှာတွေ့သွားတယ်ပြောတယ်။ အခုဖောက်ခွဲနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါအပြင် လမ်းတလျှောက်လည်းစစ်တပ်ရဲ့ ကင်းပုန်းအများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးအခြေအနေကြောင့် ပြည်သူများအနေနဲ့ မန္တလေး-မုံရွာလမ်းပိုင်းအသုံးပြုမှုကို ယာယီရပ်ပေးဖို့ကိုလည်း ချောင်းဦး PDF က ဒီနေ့မနက် ၈ နာရီခွဲမှာ ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။

နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မီအထိ အဲဒီလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ မော်တော်ယာဥ်တွေကို ရောက်ရာအရပ်မှာ ရပ်နားထားကြဖို့ကို ထုတ်ပြန်ထားတာပါ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်တပ် #မန္တလေး-မုံရွာလမ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10