မြင်းမူမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတိုက်ခိုက်ခံရလို့ ၃ဦးသေ ၇ဦးဒဏ်ရာရပြီး ရဲမိသားစုဝင် ၂ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်သားတွေတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသလို ရဲတပ်ဖွဲ့ဝင် မိသားစု ၂ဦး အရှင်ဖမ်းမိခဲ့တယ်လို့ DK PDF MMU အဖွဲ့ဆီက သိရပါတယ်။

မြင်းမူမြို့ အထက ၁ ကျောင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၁ရက်က အာဏာသိမ်း ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ PDF မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

မနက် ၉ နာရီလောက်မှာ အပြန်အလှန် ၄၅ မိနစ်ဝန်းကျင် ပစ်ခတ်ခဲ့ကြပြီး အဲ့ဒီတိုက်ခိုက်မှာ စစ်သားဘက်က ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရကာ ရဲတပ်ဖွဲ့ဝင် မိသားစု ၂ ဦးကို အရှင်ဖမ်းဆီးခဲ့တယ်လို့ DK PDF MMU အဖွဲ့တာဝန်ခံက ပြောပါတယ်။

"မြေပြင်သတင်းရတာတော့ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ မြေပြင်သတင်းကနေရတယ်။ အရှင်ဖမ်းမိတာကတော့ သူတို့ ရခရဲ့မိန်းမနဲ့ သမီးကိုတော့ အရှင်ဖမ်းမိတယ်" လို့ ပြောပါတယ်။

ဖမ်းမိထားတဲ့ အမျိုးသမီး၂ ဦးကို NUG အစိုးရဆီကို လွှဲပြောင်းပေးလိုက်ပြီလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu၊ PKDF ၊ ဒေါင်းဘုရင် ၊ ဇေယျာရွှေမြေ၊ မြင်းမူဖိုက်တာ၊ မိုးညိုအနောက်ခြမ်းပကဖနဲ့ DBB.F တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြင်းမူ #စစ်ကိုင်း #စစ်တပ် #တပ်စွဲ #တိုက်ခိုက် #DKPDFMMU #စစ်သား #ရဲ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10