မြင်းမူးမြို့နယ်မှာ စစ်ကား၂စီး ဆွဲမိုင်း၃လုံးနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

မုံရွာမြို့ကလာတဲ့ စစ်ယာဥ်တန်းကို မြင်းမူမြို့နယ်ထဲမှာ မေလ ၂၇ ရက်မနေ့က မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People's Defence Force Myinmu DK PDF-MMU အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီယာဥ်တန်းမှာ စစ်ကား ၄စီးပါဝင်ပြီး မုံရွာကနေ စစ်ကိုင်းမြို့ဘက်ကို သွားတာဖြစ်ကာ သတင်းရလို့ မြင်းမူမြို့နဲ့ ထီးဆောင်းရွာကြားမှာ မိုင်း ၃လုံးလုံးဆွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DK PDF-MMU ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မြင်းမူမရောက်ခင်မှာ လမ်း‌တလျှောက်မိုင်းဆွဲခံရတော့ မောင်းလို့မရလို့ ၄ စီးထဲက ၂ စီးကမြ င်းမူမြို့ထဲကိုဝင်တယ်။ ဝင်ပြီးတော့အဲ့ဒီ့ကား  ၂ စီးကိုထားခဲ့တယ်။ မောင်းရတဲ့ကား ၂ စီးက ၆ နာရီလောက်မှာ မြင်းမူမြို့ထဲကနေ စစ်ကိုင်းဘက်ကိုဆက်ထွက်ခွာလာတယ်။ မြင်းမူမြို့နဲ့ ထီးဆောင်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။" လို့ ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ ကား ၂စီးလုံး တာယာပွင့်သွားသလို လူထိခိုက်မှုလည်းရှိတာကြောင့် စစ်ကိုင်းမြို့ဘက် ဆက်မသွားတော့ဘဲ ထီးဆောင်းစခန်းထဲကို မောင်းဝင်သွားပြီး ကားတွေထားခဲ့ကာ ခြေလျင်လျှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လမ်းတလျှောက်မိုင်းဆွဲခံခဲ့ရသလို မြင်းမူမြို့မှာလည်း ထပ်ပြီးမိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးရှိနိုင်ပေမယ့် အတိအကျတော့ စုံစမ်းမရနိုင်သေးဘူးလို့ ပြောပါတယ်။

#မြေလတ်အသံ

 

#မြင်းမူ #မုံရွာ #ထီးဆောင်း #စစ်ကား #မိုင်းဆွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10