မြင်းမူ စီးပွားရေးဘဏ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံး

မြင်းမူ စီးပွားရေးဘဏ်က စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို မတ်လ ၂၄ ရက်မနေ့ညပိုင်းမှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၈ ဦးဝန်းကျင်ရှိတဲ့ စစ်ကိုင်းအခြေစိုက် တမခ ၃၃ က စစ်သားတွကို ည ၁၀ နာရီ ၅၀ မိနစ်မှာ KIA ထုတ်လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စွန်ရဲက ပြောပါတယ်။

“ည ၉ နာရီလောက်မှာ မစ်ရှင်လုပ်ဖို့ တချက်သွားကြည့်တယ်။ *တွေက ငြိမ်နေကြတယ်။ သောက်စားနေတဲ့ပုံပါ။ ည ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အရက်သောက်တာ ၈ ယောက်လောက်ရှိတယ်။ ဖုန်းသုံးနေကြတယ်။ လက်တပစ်စာ အနီးကပ်ဆုံးချဉ်းကပ်ပြီးပစ်လိုက်တာ။ ဘန်ကာသဲအိတ်ကျော်ပြီး ကြားထဲကျတာ။ *အသေအပျောက်များတယ်” လို့ ပြောပါတယ်။


ပစ်ခတ်ပြီးနောက် ည ၂ နာရီအထိ စစ်သားတွေဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ပြီး၊ မြို့ရှောင်လမ်းနဲ့ ထီးဆောင်းဘက်မှာ လမ်းတွေပိတ်ပြီး စစ်ဆေးရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးကိုတော့ မြင်းမူဆေးရုံကြီးမှာ ၂ ဦးနဲ့ မန္တလေးဆေးရုံမှာ ၁ ဦး ပို့ထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီမြန်မာ့စီးပွား‌ရေးဘဏ်ကို တိုက်ခိုက်တာဟာ ခုတကြိမ်နဲ့ဆို ၉ ကြိမ်မြောက် ရှိခဲ့ပြီလို့လည်း ဗိုလ်စွန်ရဲက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ PENTAGRAM မဟာမိတ်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်ကလည်း မြင်းမူမြို့ အထက ၁ ကျောင်းဝန်းထဲမှာရှိတဲ့ စစ်အုပ်စုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ပစ်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10