မြင်းမူ မြို့ရှောင်လမ်းမှာ ဦးခေါင်းပြတ်သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့

မြင်းမူ မြို့ရှောင်လမ်းမှာ ဦးခေါင်းပြတ်သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ မြို့ရှောင်လမ်းမှာ ဦးခေါင်းပြတ်သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၇ ရက် ဒီကနေ့ မနက် ၈ နာရီခန့်က မြို့ရှောင်လမ်း၊ အနောက်လမ်းဆုံအနီးမှာ အမျိုးသား ၁ ဦး ဦးခေါင်းပြတ်သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ရပြီးနောက် အလောင်းကို ကောက်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

"သေဆုံးသူ ပုံစံကတော့ သတ်ဖြတ်ခံထားရတဲ့ ပုံစံပါ။ခန္ဓာကိုယ်နဲ့ ဦးခေါင်းတောင် တွဲလျက်မဟုတ်ဘဲ တခြားဆီ တွေ့ရတာ။ ခန္ဓာကိုယ်မှာတော့ အခြားဒဏ်ရာမရှိဘဲ လည်ပင်းကိုဘဲ မပြတ်မချင်းခုတ်သွားတဲ့ ပုံစံရှိတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူဟာ မြင်းမူမြို့၊ တပင်ရွှေထီး ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယာဥ်မောင်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ဒေသလူမှုကူညီရေးအဖွဲ့တွေက မြင်းမူဆေးရုံကို ပို့ပေးခဲ့ရပြီးနောက် သူမိသားစုနေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ ဘာကြောင့်အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့အစည်းကသတ်ဖြတ်တယ်ဆိုတာ မသိရသေးပါဘူး။

မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းကလဲ မြင်းမူမြို့၊ မြင်းမူ-မုံရွာသွားလမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

(Website တွင် ဖော်ပြထားသည့် ဓာတ်ပုံများ၌ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများပါဝင်နေပါသည်။)

 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #ဦးခေါင်းပြတ် #ရုပ်အလောင်း #သတ်ဖြတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10