မြင်းမူ၊လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ခံရမှုမှ ဒဏ်ရာရ အရပ်သား၂ ဦး ထပ်မံသေဆုံး

မြင်းမူ၊လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ခံရမှုမှ ဒဏ်ရာရ အရပ်သား၂ ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာ စစ်ကောင်စီတပ်ရဲ့အစုလိုက်၊အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုအတွင်း ဒဏ်ရာရရှိသူတွေအနက် ၂ ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၃၄ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ထပ်မံသေဆုံးသူတွေဟာ အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်မြင့်နဲ့ အသက် ၃၇နှစ်အရွယ် ဦးဇော်လင်းတို့ ဖြစ်ပြီး မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ‌ဆေးကုသရင်း ရရှိဒဏ်ရာတွေနဲ့အသီးသီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“အဖွားက တမြန်နေ့က ဆုံးသွားတယ်။ ဗိုက်ကိုမှန်ထားတဲ့တယောက်က အဲ့နေ့က အူတွေပြတ်သွားတော့အူဖြတ်ပြီးဆက်ပေးထားတာ၊ မနေ့ညကဆုံးသွားတယ်” လို့ မြင်းမူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ထုတ္တောရွာကို မေလ ၁၁ ရက်မှာ စစ်ကောင်စီစစ်ကြောင်း ၂ ခုက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီးနောက် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်လို့ အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိလာပြီး လက်နက်ကြီးဗုံးစထိမှန်တာနဲ့ ကျည်ထိမှန်ဒဏ်ရာရရှိသူ ၁၃ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#မြင်းမူ #လက်ထုတ္တောရွာ #အစုလိုက်အပြုံလိုက် #သတ်ဖြတ်မှု #WarCrime #စစ်ကောင်စီ #ထပ်မံ သေဆုံး #ဒဏ်ရာရရှိသူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10