မြစ်ခြေကို စစ်တပ်က အင်အားရာချီနဲ့စီးနင်းပြီး လေယာဥ်နဲ့ ဗုံးစကြဲ

မြစ်ခြေကို စစ်တပ်က အင်အားရာချီနဲ့စီးနင်းပြီး လေယာဥ်နဲ့ ဗုံးစကြဲ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက် ဒီညနေ ၄ နာရီကျော်မှာ လေယာဥ်နဲ့ ဗုံးစကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်နဲ့ မြို့ကိုဝင်ရောက်စီးနင်းထားပြီး မြို့ခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသလို အခုလည်း လေယာဥ်နဲ့ ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့ပြီလို့ ဆိုပါတယ်။

“မီးလောင်ဗုံးချတာ။ မြင်ကို မြင်လိုက်ရတယ်။ ၄ နာရီ ၁၈ မိနစ်မှာချတာ။ မီးခိုးလုံးတွေကို မြင်နေရတယ်။” လို့ မြစ်ခြေမြို့ခံတဦးက ပြောပါတယ်။

မြစ်ခြေမြို့၊ အိုင်ရှည်ရပ်ကွက်က ဘော်ဒါဆောင် (စာသင်ဆောင်)တခုပေါ်ကျကာ မီးလောင်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိ၊ မရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က ညနေ ၃ နာရီလောက်မှာ မြစ်ခြေမြို့ပေါ်က စစ်ကောင်စီ အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံတွေကိုဖမ်းဆီးပြီး အိုင်ရှည်မြောက်ရပ်ကွက် ဘုန်းကြီးကျောင်းဝန်းမှာ စစ်ဆေးမေးမြန်းတာတွေလုပ်နေချိန်မှာ ခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း စဝင်ကတည်းက မြို့လုံးကျွတ်နီးပါး လူဦးရေသောင်းနဲ့ချီ ဘေးလွတ်ရာကျေးရွာတွေဆီ တိမ်းရှောင်ခဲ့ကြပြီးနောက် ဒီကနေ့ညနေမှာ စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ပုံစာ - ၂၀၂၄ ဇူလိုင်လ စဉ့်ကူးနယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီရဟတ်ယာဉ် ၁ စီးအား တွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြစ်ခြေ #စစ်ကောင်စီ #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10