သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်းအတွင်းမှာ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားပွဲကို အောက်တိုဘာ ၁၉ ရက် မနေ့ကမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
တပ်ဖွဲ့စတင်အခြေစိုက်ခဲ့ရာ ပခုက္ကူမြို့နယ်ရှိ စခန်း ၁ ခုမှာ အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပြီး ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုအလေးပြုခဲ့ကြတာလို့ တပ်ဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီအခမ်းအနားကို မနက် ၉ နာရီကနေ ၁၁ နာရီအထိပြုလုပ်ခဲ့ပြီး မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးဆောင်သူတွေ၊ ပကဖ၊ ပအဖ၊ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အမာခံထောက်ပို့တွေ၊ မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် ၁ ရဲဘော်တွေ စုစုပေါင်းအင်အား ၇၀ ဦးလောက် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ၂၀၂၁ အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ မကွေးတိုင်းအတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေပြီး တော်လှန်ရေးကာလအတွင်း တပ်ဖွဲ့ဝင်ရဲဘော် ၁၂ ဦးကျဆုံးကာ စစ်ကောင်စီဘက်က သေနက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မြစ်ခြေကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #၃နှစ်ပြည့် #အထိမ်းအမှတ်
Share Share Share