မြစ်ခြေတွင် ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ရှင်းလင်း၊ သေနတ် ၁ လက်ရ

မြစ်ခြေတွင် ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ရှင်းလင်း၊ သေနတ် ၁ လက်ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ စစ်ကောင်စီအထိုင်စခန်းကနေ ရေခပ်ဆင်းလာတဲ့ ရဲ ၁ ဦးနဲ့ စစ်သား ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့ မကွေးတိုင်း ကွပ်ကဲရေးရုံးဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီအထိုင်စခန်းကနေ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာ လက်နက်ခဲယမ်းတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ 

ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းမှ တပ်ခွဲမှူးဦးဆောင်ပြီး အင်အား ၇ ယောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာ ပြန်လည်ပစ်ခတ်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ G3 ၁ လက်၊ ကျည်ဘောက် ၂ ခု ၊ ကျည် ၈၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေ စစ်ကောင်စီအထိုင်စခန်းမှာ စစ်သားနဲ့ ရဲအင်အား စုစုပေါင်း ၅၀ ဝန်းကျင်ရှိပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ထူးခြားမှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #မြစ်ခြေမြို့ #စစ်ကောင်စီ #အထိုင်စခန်း #စစ်သား #သေနတ် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10